ဖားကန့်မြို့ ဆိပ်မူ အထက်တန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပြီး ပြတင်းပေါက်မှန်များ ပျက်စီး

24 June 2022 – Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူ အထက်တန်းကျောင်းတွင် ယနေ့နေ့လယ် ကျောင်းဆင်းခါနီးအချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“၁၂ နာရီထိုးခါနီး ကျောင်းဆင်းခါနီးမှာ ပေါက်တာပေါ့ ကျောင်းဝင်းထဲမှာပေါက်တာ ကျောင်းနောက်ဘက်မှာပေါ့။ လူတွေထိတာတော့ မရှိဘူး။ ပြတင်းပေါက်မှန်တော့ ၁၀ ခုပျက်စီးသွားတယ်။ ပြီးတော့ ကျောင်းအောက်ပိုင်းလည်း နည်းနည်းပျက်စီးသွားတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသားပေါင်း ၁၂၈၇ ယောက်ရှိကြောင်းလည်း သိရသည်။
အဆိုပါကျောင်းတွင် ယမန်နှစ်ကလည်း တစ်ခါ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယခုနှစ် ဇွန် ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့ စုပေါင်းရုံးဝင်းထဲနှင့် ရုံးအပြင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။