စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီး IDP စခန်း၌ ကျရောက်ပေါက်ကွဲပြီး နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
17 June 2022 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီး ဇွပ်အောင် စစ်ဘေးဒုက္ခသည်စခန်း၌ ကျရောက်ပေါက်ကွဲ၍ စစ်ဘေးဒုက္ခသည်နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း အဆိုပါစစ်ဘေးဒုက္ခသည်စခန်းမှ ပြည်သူတစ်ဦးက ဆိုသည်။
“နှစ်ယောက်တော့ ဆုံးသွားပြီ တစ်ယောက်က ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့တစ်ယောက်ကိုတော့ အမြန်ကုသပေးနိုင်ရင်ကောင်းမယ်။ အခုထိတော့ ဘယ်သူ့မှ မလာသေးဘူး။လက်နက်ကြီးက နှစ်ခုကျတာ တစ်ခုက စစ်ဘေးဒုက္ခသည်စခန်းမှာကျတာ”ဟု ဒုက္ခသည်စခန်းရှိ ပြည်သူတစ်ဦးက ဆိုသည်။
သေဆုံးသွားသူနှစ်ဦးမှာ အသက် ၅၆ နှစ်အရွယ် ဒေါ်နန်လိုင်နှင့် အသက် ၂၈ နှစ်အရွယ် မူကြိုေကျာင်းဆရာ မဒေါင်နောတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ဘေးဒုက္ခသည်စခန်းသည်ပြည်သူ ၁၃၀၀ ကျော် ခိုလှုံနေသည့် စခန်းဖြစ်ပြီး သေဆုံးသွားသူများသည် စခန်း၌ ခိုလှုံသေည်မှာ ၉ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။