နန့်စီးအောင်နှင့် နန့်ဖလွန်တိုက်ပွဲတွင် စစ်ကောင်စီစစ်သား ၂၁ ယောက်သေဆုံး
14 June 2022 – Kachinwaves
ယနေ့ နံနက်ပိုင်းတွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နန့်ဖလွန်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် အထိနားကြောင်း သတင်းရရှိသည်။
နန့်စီးအောင်တိုက်ပွဲတွင် စစ်ကောင်စီစစ်သား ၇ယောက် ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာပြင်းထန်ရရှိသည့် နောက်ထပ်၂ယောက်လည်း သေဆုံးသွားကြောင်း စစ်မြေပြင်သတင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထို့အပြင် နောက်ထပ် စစ်ကောင်စီစစ်သား ၃၀လည်း မိုင်းစများထိမှန်၍ ဒဏ်ရာရရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဖလွန်တိုက်ပွဲတွင် စစ်ကောင်စီစစ်သား ၁၂ယောက် သေဆုံးပြီး ၄ယောက်ဒဏ်ရာရရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ KIA ဘက်က စစ်သား၂ယောက် ဒဏ်ရာရရှိသော်လည်း စိုးရိမ်ဒဏ်ရာ မဟုတ်ကြောင်း သိရပါသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။