ကွတ်ခိုင်မြို့နယ်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီစစ်ကြောင်းတိုက်ပွဲဖြစ်
14 June 2022 – Kachinwaves
ယနေ့ ဇွန် ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်ကျေးရွာအနီး၌ စစ်ရေးလှုပ်ရှားချီတက်လာသည့် စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ်တို့က စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒီမနက်အစောကြီး မိုးလင်းခါစပေါ့ တိုက်ပွဲဖြစ်တာ စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားတက်လာတဲ့ အခါ ဖြစ်တာ”ဟု KIA အရာရှိတစ်ဦးကပြောသည်။
မိနစ် ၄၀ ခန့် တိုက်ပွဲပြင်းထန်ပြီး အထိအခိုက် မသိရသေးကြောင်း သိရသည်။