ဖုန်းဝယ်ရန် ဟန်ဆောင်ပြီး လုပြေးသွား
5 May 2022 – Kachinwaves
မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ ဖုန်းတစ်ပတ်ရစ်အရောင်းဆိုင်မှ ဖုန်းနှစ်လုံးကို ယနေ့ညနေ ၄နာရီခွဲခန့်တွင် အမျိုးသားတစ်ဦးမှ လုပြေးသွားကြောင်း သိရသည်။
“သူ့က ဖုန်းလာကြည့်တာ အိုင်ဖုန်းနဲ့ samsung ဖုန်းနှစ်လုံးကို ကိုင်ကြည့်နေတာ သူ့သူငယ်ချင်း wave money ပိုက်ဆံသွားထုတ်တယ်ဆိုပြီး စောင့်နေတာတဲ့။ အဲ့မှာ ကင်မရာစမ်းသလိုနဲ့ ယူပြီးပြေးသွားတာ”ဟု အခင်းဖြစ်စဉ်မျက်မြင်တစ်ဦးက ပြောသည်။
၎င်းဖုန်းနှစ်လုံးပေါင်း၏တန်ဖိုးမှာ ဆယ်သိန်းကျော်ရှိသည်ဟု သိရသည်။
ဧပြီလ ၂၀ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ တပ်ကုန်းစျေးအနီး၌ အမည်မသိလူတစ်စုက ဆိုင်ဝန်ထမ်းတစ်ဦးကို ဓားထောက် ဓားမြတိုက်ခဲ့သည်။