စစ်ကောင်စီဥက္ကဌကိုယ်တိုင်လက်ခံတွေ့ဆုံမည့် ဆွေးနွေးပွဲသို့ KIO တက်ရောက်မည် မဟုတ်
5 May 2022 – Kachinwaves
နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါသော စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ကြားသည့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း KIO ဗဟိုကော်မတီက ယနေ့ ထုတ်ပြန်လိုက်သည်။
ပါဝင်သင့်သူများ အားလုံး ပါဝင်နိုင်ပြီး နိုင်ငံ၏အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့်အချိန်အခါ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဧပြီလ ၂၂ရက်နေ့တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကိုယ်တိုင် လက်ခံတွေ့ဆုံမည်ဟု ရုပ်မြင်သံကြားမှတဆင့် ၎င်းကိုယ်တိုင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ CRPH၊ PDF နှင့် NUCC အဖွဲ့တို့သည် စစ်ကောင်စီဥက္ကဌ၏ ဖိတ်ကြားချက်တွင် မပါရှိခဲ့ပေ။