ကာမိုင်းမြို့က စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ယနေ့နံနက် ပစ်သတ်ခံရ
5 May 2022 – Kachinwaves
ကချင်ပြည်နယ် ကာမိုင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို ယနေ့နံနက် ၆နာရီခန့်တွင် PDFမှ ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းပြည်သူ့စစ် အဖွဲ့ဝင်သည် ကာမိုင်းမြို့ရှိ မြနန္ဒာလက်ဖက်ရည်ဆိုင်၌ ထိုင်နေစဥ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ပစ်သတ်ခံရသည့်ပြည်သူ့စစ်အဖွဲ့ဝင်၏ အလောင်းကို ယနေ့နံနက် ၇နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က သယ်ယူသွားကြောင်း သိရသည်။
ပစ်သတ်ခံရသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်မှာ ဦးဇော်ဌေးဆိုသူဖြစ်ကြောင်း သိရသည်။