ရှမ်းမြောက် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်ပွားနေ

Myanmar army soldiers queue to climb into a vehicle after an insurgent attack on the Myanmar-China major trading route in Nawnghkio township, Shan state, Myanmar August 15, 2019. REUTERS/Stringer NO RESALES. NO ARCHIVES.
4 May 2022-Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မိုင်ဖန်ကျေးရွာရှိစစ်ကောင်စီစခန်းကို ကိုးကန့်တပ် (MNDAA)တို့ ယနေ့ည ၉နာရီခန့်အချိန်တွင် သွား ရောက် တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့ အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး တိုက်ခိုက်မှု ကြောင့် အကျအဆုံးကို မသိသေးကြောင်း ဒေသခံက ပြောပါသည်။
ဧပြီလ ၂၇ရက်နေ့တွင်လည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မုံးပေါဒေသ နောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် မန်ပိန်းကျေးရွာရှိ ဒေသခံများ၏ ကြံခင်းများ မီးလောင်ပျက်စီးသွားခဲ့သည်။