ဖားကန့်မှာလည်း စက်သုံးဆီတွေ စျေးတက်နေ
21 April 2022-Kachinwaves
ကချင်ပြည်နယ်ဖားကန့်မြို့တွင် စက်သုံးဆီ ဝယ်ယူသူများနေပြီး စက်သုံးဆီစျေးနှုန်းလည်း တစ်ရက်ထက်တစ်ရက် ပိုများလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ မနက်တော့ တစ်ဂါလံ ၈၆၀၀၊ ဒီမနက်တော့ ၁သောင်းကျော်ရှိသွားပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့ရှိ ဓာတ်ဆီဆိုင်အချို့တွင် လာဝယ်သူတစ်ဦးလျှင် ၅သောင်းအထိသာ အကန့်အသတ်ဖြင့် ရောင်းပေးနေကြောင်းနှင့် ဓာတ်ဆီဆိုင်အချို့ ဓာတ်ဆီပြတ်လပ်သွားသည့်အတွက် ဆိုင်ပိတ်ထားရကြောင်း သိရသည်။
ဧပြီလ ၁၉ရက်နေ့တွင် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့ တွင် ဓာတ်ဆီပြတ်လပ်မည်ဟူသည့် သတင်းကြောင့် ပြည်သူများ အလုအယက် ဝယ်ယူခဲ့ကြသည်။