စက်သုံးဆီ အလုအယက်ဝယ်ယူနေကြသည့် မြစ်ကြီးနား ပြည်သူများ
19 April 2022-Kachinwaves
ဆီပြတ်မည့်သတင်းကြောင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ပြည်သူများ ယနေ့ စက်သုံးဆီ အလုအယက်ဝယ်ယူနေကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ရှိ ဆီဆိုင်အချို့ သည် ညနေ ၆နာရီခန့်တွင် ဆိုင်ပိတ်သွားကြောင်း သိရသည်။
စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည့် စက်သုံးဆီပြတ်လပ်မည့်သတင်းသည် ကောလဟာလသာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။