နိုင်ငံရေးအကျဥ်းသားများ အားလုံးလွတ်မြောက်ရန် ဖားကန့်မြို့နယ် ဟောင်းပါးအုပ်စု ပြည်သူများမြန်မာနှစ်ဆန်း ၁ရက်နေ့တွင် ဆုတောင်း
17 April 2022 – Kachinwaves
မတရားဖမ်းစီးချုပ်နှောင်ခံထားရသော သမ္မတကြီး ဦးဝင်းမြင့်၊ နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ နိုင်ငံရေးအကျဥ်းသားများ အားလုံးလွတ်မြောက်ရန် ဖားကန့်မြို့နယ် ဟောင်းပါးအုပ်စု ဟောင်ပါး၊ တာမခံ၊ ဟွေ့ဆိုင်းရွာများမှ နွေဦးတော်လှန်ရေး ညီအစ်ကိုမောင်နှမများက နားလိုင်စိုင်ဘုရားတွင် ယနေ့ နှစ်ဆန်းတစ်ရက်နေ့၌ အောင်သပြေပန်းများ လှူဒါန်းခြင်း၊ ငါးလွှတ်ခြင်း စသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ဆုတောင်းခဲ့ကြကြောင်း သိရသည်။