ဒီနေ့ညလည်း မြစ်ကြီးနားမြို့ပေါ်တွင် ပေါက်ကွဲမှုပြန်ဖြစ်
2 April 2022 – Kachinwaves
ဒီနေ့ည ၈ နာရီဝန်းကျင်တွင် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဂျပန်လမ်းဆုံအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး သေနတ်သံတွေလည်းကြားရတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ည မြစ်ကြီးနားမြို့ပေါ်တွင် စစ်ကောင်စီစစ်ကား ၃စီးနဲ့ မြို့ပေါ်လှည့်ပတ်နေကြောင်း သိရပါတယ်။
မြစ်ကြီနားမြို့ပေါ်တွင် ပေါက်ကွဲမှု ညတိုင်းလိုလို ဖြစ်ပွားနေတာကို ကြားသိနေရပေမယ့် ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရပါ။