ဗန်းမော်မြို့မှ ကိုဝင်းနိုင်ဦး(ခ)ဖိုးသားညီ ပစ်သတ်ခံရတာ ၁နှစ်ပြည့်ပြီ။
4 April 2022 – Kachinwaves
ကိုဝင်းနိုင်ဦး(ခ)ဖိုးသားညီသည် ပြီးခဲ့သည့်နှစ် ဧပြီ ၄ရက်နေ့ နံနက်တွင် ဗန်းမော်မြို့ခွန်တာရပ်ကွက်၌ လမ်းလျှောက်နေချိန် စစ်ကောင်စီစစ်သားများ၏ ပစ်သတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
ရပ်ကွက်တွင်း ဆန္ဒပြ ပြည်သူများ လုံခြုံရေးအရ ကာရံထားသောအကာအရံများကို လာရောက်ဖျက်ဆီးသည့် စစ်သားများက ပစ်ခတ်၍ သေဆုံးခဲ့ရသူဖြစ်သည်။
ကိုဝင်းနိုင်ဦး(ခ)ဖိုးသားညီသည် အသက် ၂၆နှစ်အရွယ်ဖြစ်ပြီး ဗန်းမော်မြို့ မင်းနိုင်ရပ်ကွက်မှ ဖြစ်သည်။