စစ်ကောင်စီစက်လှေ ၆ စီးအားမြို့လှ PDF တိုက်ခိုက်
1 April 2022-Kachinwaves
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ခွဲ မြို့လှတွင် လက်နက်နှင့် ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီစက်လှေ ၆ စီးကို ယနေ့နံနက် ၇ နာရီအချိန်တွင် မြို့လှ PDF တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုသဖြင့် စက်လှေအချို့ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်ရှိ ကြောင်းမြို့လှ PDF ထုတ်ပြန်ထားသည်။
၎င်းစက်လှေများသည် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှ စုန်ဆင်းလာရာ မြို့လှမြို့တွင် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဘက်တွင် လက်နက်ရိက္ခာများ ဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည့်အတွက် ရွှေကူမြို့ PDF၊ မြို့လှ PDFတို့နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
မတ်လ ၃၁ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း ကသာမြိုနယ်အတွင်း စစ်ကြောင်းလှုပ်ရှားလာသည့်စစ်ကောင်စီတပ်ကို မြို့လှ PDF မှ မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။