မြစ်ကြီးနားမှာ သံတိုသံစနဲ့ ဘီယာပုလင်းခွံဝယ်သည့် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံး
24 March 2022-Kachinwaves ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ယနေ့ တစ်နာရီခန့်က သံတိုသံစနှင့် ဘီယာပုလင်းခွံဝယ်သည့် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားကြောင်း သတင်းရရှိသည်။
ထိုအမျိုးသမီးကို လုယက်သူတစ်စုမှ ၎င်းတို့တောင်းသည်ကို မပေးသည့်အတွက် ဓါးနှင့် ထိုးသွားကြောင်း ဧရာဝတီကရုဏာ(အခမဲ့) လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သံတိုသံစံ ဝယ်တဲ့သူပေါ့နော် တွန်းလှည်းလေးနဲ့ တွန်းသွားတာ သူတို့ပိုက်ဆံလာတောင်းတာ မပေးတော့ ဓားနဲထိုးတာ ကျွန်တော်တို့ သွားပို့တော့ အူတွေတော့ ထွက်နေတယ်၊ ၅၀ လို့ပြောတယ်”ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ဓားမြတိုက်မှုနှင့် ဓားထိုးမှုများ ပိုမိုများလာသည်။