နန်းမားက စစ်ကောင်စီတပ်တွေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ
24 March 2022-Kachinwaves
ကချင်ပြည်နယ် နန်းမားမြို့ အနောက်ဘက်ရှိ စစ်ကောင်စီအမြောက်တပ်မှ အရှေ့ဘက်သို့ ယနေ့ညနေ ၄နာရီခွဲခန့်မှ ၅နာရီခွဲခန့်အထိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ အချက်ရေပေါင်းများစွာ ရမ်းသမ်းပစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲ ဖြစ်တာမရှိဘူးလို့ ကြားတယ်ဗျ။ နန်းမားစစ်ကောင်စီ အမြောက်တပ်က ရမ်းသမ်းပြီး လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တာဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နန်းမားပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာခြင်းမရှိ ဆိုင်များ ပိတ်ထားခဲ့ရကြောင်း သိရသည်။
နန်းမားမြို့တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းများ ထိုးလေ့ရှိပြီး ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်တို့ကို ကြားဖြတ်တိုက်ခိုက်သည့်အတွက် တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။