ဖားကန့်မှာ ပြည်သူတစ်ဦးသေနတ်ပစ်သတ်ခံရ
2 March 2022-Kachinwaves
ဖားကန့်မြို့နယ် အေးမြသာယာ ရပ်ကွက် ညောင်ပင်ကုန်းအတက်၌ ဆိုင်ကယ်စီးလာသည့် ပြည်သူတစ်ဦး ယနေ့ညနေပိုင်း ၄ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မျက်မြင်တစ်ဦးကဆိုသည်။
“သူ့မိန်းမနဲ့ဆိုင်ကယ်စီးနေတဲ့အချိန်မှာ ခေါင်းမှာ သေနတ်နှစ်ချက်ပစ်ခံရတာတဲ့။”ဟု သေဆုံးနေတာကို တွေ့ရှိခဲ့သည့်ဒေသခံတစ်ဦးက ဆိုသည်။
သေဆုံး သူမှာ အေးမြသာယာရပ်ကွက် သောင်းချိုမော်က အသက်၃၉ နှစ်အရွယ် ကလေး နှစ်ဦးဖခင် ဦးစိုးမိုးဇော် ဆိုသူ ဖြစ်သည်ဟု ငိရပါသည်။
ဘယ်သူ့လက်ချက်ဖြစ်ကြောင်းကိုတော့ မသိရကြောင်း ၎င်းဒေသခံကပြောပါသည်။