ဖားကန့်အထက်တန်းကျောင်းက ကျောင်းသားတွေမှာ Covid-19 ပိုးတွေ့
15 February 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းကျောင်းတွင် ကိုဗစ် -၁၉ရောဂါပိုးတွေ့လူနာ တွေ့ရှိသော်လည်း ကျောင်းကို ဆက်လက်ဖွင့်နေကြောင်း သိရသည်။
ဖားကန့်မြို့ အထက်တန်းကျောင်းမှ ဆရာမ (၃)ဦးနှင့် (၆)တန်း၊ (၈)တန်းနှင့် (၉)တန်းမှ ကျောင်းသား(၈)ဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအထက်တန်းတွင် ကျောင်းသား (၂၀၀)ခန့် တက်ရောက်သင်ကြားနေသည့်ကျောင်း ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပြင် အခြားမြို့ များရှိ ဖွင့်လှစ်နေသည့် ကျောင်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် ကျောင်းသူကျောင်းသား၊ ဆရာဆရာမများရှိနေကြောင်း သိရသည်။