အသက်(၆၀)နှစ်အထက်များ အောက်တိုဘာ ၂၉ မှ စပြီး ကြိုတင်မဲပေးနိုင်မည်
ကချင်ပြည်နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များကို ကြိုတင်မဲပေးနိုင်အောင်စီစဉ်ထားပေးမည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသူများအတွက် အကြောင်းကြားလျှင် ရပ်ကွက်ကော်မရှင်က လာယူပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။
အောက်တိုဘာ ၂၉ ရက် မှ နိုဝင်ဘာ ၅ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးများတွင် ကြိုတင်မဲ ပေးနိုင်မည်ဖြစ်ကြောင်း ဦးထွန်းအောင်ခိုင်က ပြောသည်။
“အသက်(၆၀)ရှိတဲ့ မဲဆန္ဒရှင်တွေက သူတို့မဲရုံမှာ လာပေးချင်လည်းပေးလို့ရတယ်။ ရပ်ကျေးကော်မရှင်ရုံးမှာ လာပေးချင်လည်း ပေးလို့ရတယ်။ ဒါမှ မဟုတ် သူတို့ မဲရုံကို ဒီရွာကို ရပ်ကျေးကော်မရှင်ရုံးကို မလာနိုင်ဘူးဆိုရင်လည်း သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးကို အကြောင်းရင် ကြိုတင်မဲ ယူပေးမယ်ဆိုပြီးတော့မှ အဲ့လိုမျိုးလေး ကြေငြာထားတာပေါ့”ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
ဆက်စပ်သတင်း https://kachinwaves.com/?p=1489
ဆက်စပ်သတင်း https://kachinwaves.com/?p=1455
ကြိုတင်မဲပေးခွင့်ရှိသူများမှာ Lockdown ဧရိယာအတွင်းမှ မဲဆန္ဒရှင်များ၊Quarantineဝင်နေသူများ၊ မီးဖွားထားသော မဲဆန္ဒရှင်များ၊ နာမကျန်းဖြစ်နေသူများနှင့် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များ ပါဝင်ကြောင်းသိရပါသည်။
ကချင်ပြည်နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် တစ်သိန်းကျော်ရှိကြောင်းလည်း သိရသည်။ ကြိုတင်မဲပေးခွင့် ရှိသူများမှာ Stay at home သတ်မှတ်ထားသော မြို့နယ်များနှင့် အသက်(၆၀)နှစ်အထက် ရှိသူများ နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေးအကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၀ရက်နေ့တွင် ထုထ်ပြန်ခဲ့ပါသည်။