တနိုင်းဒုက္ခသည်များထပ်မံရောက်ရှိ
တောတွင်းပိတ်မိနေသည့် အောင်လောဒ်ဒုက္ခသည် ၉၃ ယောက် ယနေ့မြစ်ကြီးနားမြို့ ဆယ်မိုင်ကျေးရွာရှိ ဂျော်မဆပ် (Jaw Masat) နှစ်ခြင်းဘုရားကျောင်းသို့ ထပ်မံရောက်ရှိလာပါသည်။
မနေ့က ရောက်ရှိသူများနှင့်ပေါင်းလျှင် စုစုပေါင်း ၂၁၀ ယောက်ရှိပြီဖြစ်သည်။
အဆိုပါဒုက္ခသည်များသည် တပ်မတော်မှ ကျေးရွာသို့ လက်နက်ကြီးနှင့် လေယာဉ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဧပြီလ ၁၁ရက်မှ စတင်ပြီး တောတွင်း ထွက်ပြေးခဲ့ရာမှာ တစ်လနီးပါးကြာပြီးမှ မြစ်ကြီးနားမြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။
ယခုထိလည်း တောတွင်းပိတ်မိနေသည့်ပြည်သူများ ထောင်ချီရှိနေဆဲဖြစ်သည်။