ကွတ်ခိုင်မြို့မဈေး လေယာဉ်ဗုံးကြဲခံရမှုမှ လွတ်မြောက်ခဲ့သူ မိန်းကလေး
–
“ပြန်ကောင်းမယ်ဆိုတဲ့စိတ်နဲ့တော့ အမြဲတမ်းတော့ အားတင်းထားတယ်ပေါ့။ ဒီလိုမျိုး လက်ပြန်ကောင်းသွားရင်တော့ အလုပ်ကြမ်းပြန်လုပ်လို့ မရတော့ဘူးလေ။ အဲ့ဆိုရင်တော့ ကိုယ်က ကျောင်းတရုတ်စာကို ရအောင်တက်မယ်ပေါ့။ တရုတ်စာနဲ့ ကွန်ပျူတာကို ရအောင်တက်ပြီးမှ ဘယ်လိုပြောမလဲ ကိုယ့်မိဘကို ရအောင်ရှာကျွေးမယ်ပေါ့။ လုပ်နိုင်တဲ့အရာနဲ့ပေါ့။ စစ်ကိုတော့ မြန်မြန်ငြိမ်းခိုင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးတို့လို လူတွေထပ်မဖြစ်ရအောင်ပေါ့။ ဗမာပြည် အေးချမ်းအောင်ပေါ့ အဲ့သလိုမျိုး ဖြစ်စေချင်တယ်။”
အခုလ ဩဂုတ် ၅ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြင်းထန်စွာထိခိုက်ခံရသူ၊ ဆယ်ကျော်သက် မိန်းကလေးငယ် ဖြစ်ပါတယ်။ သူနဲ့အတူ ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးဟာ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
အခုမိန်းကလေးငယ်ဟာ သူမဖြစ်ချင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေလေ့လာတတ်မြောက်နိုင်ဖို့ အကူအညီလိုအပ်နေသူ ဖြစ်ကြောင်း သိရပါတယ်။