ဝါးမီးပုံနဲ့ စာကျက်ခဲ့တဲ့ ကချင်လူငယ် သြစတြေးလျ တက္ကသိုလ်ရောက်
လူငယ်ဘဝ၊ လူငယ်ကဏ္ဍ။
3 July 2024 – Kachinwaves
“ကျွန်တော်တို့ဆိုတာက ဘဝမှာ ရန်ကုန်တို့ မန္တလေးတို့ဆိုတာက ဘဝမှာ မကြားဖူးဘူးနော်။ ဒါပေမဲ့ ဘာကြားဖူးလဲဆိုတော့ မြစ်ကြီးနားဆိုတာတော့ ကြားဖူးတယ်။ မြစ်ကြီးနား မနောင်ကွင်း၊ ဗလမင်းထင် ဆိုတာ ငယ်ငယ်က ကြားဖူးတယ်ပေါ့နော်။ အဲ့လိုကြားဖူးတော့ ဒီမြို့ကို အရမ်းရောက်ချင်တာ။ ဒါပေမဲ့လည်း တကယ့်ဘဝက အရမ်းခြားသလိုပေါ့နော်။ ရောက်မယ်ဆိုတာက ဘဝမှာလေ တကယ်မထင်ထားဘူး။ မြို့ရောက်ဖို့ ဆယ်တန်းအောင်ရမယ်ဆိုတဲ့ စိတ်နဲ့ တကယ်သာ မြို့မရောက်ဘူးဆိုရင် ဒီရွာဘဝမှာပဲသွားမှာ”
ဒီလို မြို့ပြတွေမှာ ခြေလှမ်းလှမ်းနိုင်ရမယ်ဆိုတဲ့ စိတ်ကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ဖို့ မဆုတ်မနစ်ကြိုးစားခဲ့ပုံကတော့ သူ့ရဲ့ မျက်နှာမှာ ထင်ဟပ်လို့နေပါတယ်။ သူ့ရဲ့ ဇွဲလုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မှုကြောင့် လက်ရှိမှာတော့ Australia နိုင်ငံအစိုးရကပေးတဲ့ ပညာသင်ဆုနဲ့ Queensland ပြည်နယ်က တစ်ကမ္ဘာလုံးရဲ့ အဆင့် ၅၀ စာရင်းဝင်တဲ့ Queensland တက္ကသိုလ်မှာ ပညာသင်ယူလို့ နေပါတယ်။
သူ့နာမည်ကတော့ လနင်ဆွတ်မိုင် (Lanem Sut Mai) ပါ။ အသက် ၃၁ နှစ်အရွယ်၊ ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာက ဖြစ်ပါတယ်။ ကိုဆွတ်မိုင်တို့မွေးချင်း ညီအစ်ကိုမောင်နှမတွေ ၁၁ ယောက်ရှိတဲ့ထဲက ၅ ယောက်ကတော့ ဆုံးပါးသွားပါတယ်လို့ ပြောပါတယ်။ လုံရှာယာန်ကျေးရွာဆိုတာကတော့ မြစ်ကြီးနားသွားတဲ့ ကားလမ်းမအတိုင်း ဆင်းသွားရင် ပူတာအိုမြို့နဲ့ မိုင် ၂၀ လောက်ဝေးပြီး ဝင်ငွေရစီးပွားရေး မဖြစ်ထွန်းဘဲ ရွာသူရွာသားတွေဟာ တောင်ယာလယ်ယာ စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ ဒီထဲမှာ ကိုဆွတ်မိုင်တို့ မိသားစုတွေလည်း အပါအဝင်ပါ။ မိသားစုဆင်းရဲတဲ့အပြင် အဘက်ဘက်က ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒီကျေးရွာငယ်လေးမှာ သူ့ရဲ့ နစ္စဓူဝ ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝ အတိတ်အကြောင်းကို အခုလိုပြောပြထားပါတယ်။
“ကျောင်းဆင်းတဲ့အခါဆိုရင် တောင်ယာတွေသွားရတယ်။ အားလပ်ရက်တွေမှာဆိုရင် တကယ့်လယ်လုပ်ရတယ်ပေါ့နော်။ အဲ့ကျရင်လေ အရမ်းမလုပ်ချင်ဘူး။ အရမ်းမောတယ်ပေါ့နော်၊ အဲ့အခါကျ အမေပြောတာရှိတယ်။ အခုတော့ အမေကတော့ မရှိတော့ဘူးပေါ့နော်။ မင်းအဲ့လိုမလုပ်ချင်ရင် မင်းပညာတတ်အောင်လုပ် ပညာတတ်ရင်က မင်းဘောပင်လေးကိုင်ပြီးမှ အလုပ်တွေလုပ်ရမယ်ပေါ့နော်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကလည်း ပညာဆိုတာလည်း နားမလည်ဘူး။ တစ်ခုသိသွားတာ တစ်ခုကတော့နော်။ ၁၀ တန်းအောင်တယ်ဆိုလို့ရှိရင် မြို့ရောက်မယ်ဆိုတာတော့ သိတယ်။ ဒီလိုပဲ ရွာမှာ ပညာဆိုတာလည်း တန်ဖိုးမထားဘူး။ တန်ဖိုးမထားဘူးဆိုတာကလည်း မထားချ ဝါးမီးပုံနဲ့ စာကျက်ခဲ့တဲ့ ကချင်လူငယ် သြစတြေးလျ တက္ကသိုလ်ရောက်
လူငယ်ဘဝ၊ လူငယ်ကဏ္ဍ။
3 July 2024 – Kachinwaves
“ကျွန်တော်တို့ဆိုတာက ဘဝမှာ ရန်ကုန်တို့ မန္တလေးတို့ဆိုတာက ဘဝမှာ မကြားဖူးဘူးနော်။ ဒါပေမဲ့ ဘာကြားဖူးလဲဆိုတော့ မြစ်ကြီးနားဆိုတာတော့ ကြားဖူးတယ်။ မြစ်ကြီးနား မနောင်ကွင်း၊ ဗလမင်းထင် ဆိုတာ ငယ်ငယ်က ကြားဖူးတယ်ပေါ့နော်။ အဲ့လိုကြားဖူးတော့ ဒီမြို့ကို အရမ်းရောက်ချင်တာ။ ဒါပေမဲ့လည်း တကယ့်ဘဝက အရမ်းခြားသလိုပေါ့နော်။ ရောက်မယ်ဆိုတာက ဘဝမှာလေ တကယ်မထင်ထားဘူး။ မြို့ရောက်ဖို့ ဆယ်တန်းအောင်ရမယ်ဆိုတဲ့ စိတ်နဲ့ တကယ်သာ မြို့မရောက်ဘူးဆိုရင် ဒီရွာဘဝမှာပဲသွားမှာ”
ဒီလို မြို့ပြတွေမှာ ခြေလှမ်းလှမ်းနိုင်ရမယ်ဆိုတဲ့ စိတ်ကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ဖို့ မဆုတ်မနစ်ကြိုးစားခဲ့ပုံကတော့ သူ့ရဲ့ မျက်နှာမှာ ထင်ဟပ်လို့နေပါတယ်။ သူ့ရဲ့ ဇွဲလုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မှုကြောင့် လက်ရှိမှာတော့ Australia နိုင်ငံအစိုးရကပေးတဲ့ ပညာသင်ဆုနဲ့ Queensland ပြည်နယ်က တစ်ကမ္ဘာလုံးရဲ့ အဆင့် ၅၀ စာရင်းဝင်တဲ့ Queensland တက္ကသိုလ်မှာ ပညာသင်ယူလို့ နေပါတယ်။
သူ့နာမည်ကတော့ လနင်ဆွတ်မိုင် (Lanem Sut Mai) ပါ။ အသက် ၃၁ နှစ်အရွယ်၊ ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာက ဖြစ်ပါတယ်။ ကိုဆွတ်မိုင်တို့မွေးချင်း ညီအစ်ကိုမောင်နှမတွေ ၁၁ ယောက်ရှိတဲ့ထဲက ၅ ယောက်ကတော့ ဆုံးပါးသွားပါတယ်လို့ ပြောပါတယ်။ လုံရှာယာန်ကျေးရွာဆိုတာကတော့ မြစ်ကြီးနားသွားတဲ့ ကားလမ်းမအတိုင်း ဆင်းသွားရင် ပူတာအိုမြို့နဲ့ မိုင် ၂၀ လောက်ဝေးပြီး ဝင်ငွေရစီးပွားရေး မဖြစ်ထွန်းဘဲ ရွာသူရွာသားတွေဟာ တောင်ယာလယ်ယာ စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ ဒီထဲမှာ ကိုဆွတ်မိုင်တို့ မိသားစုတွေလည်း အပါအဝင်ပါ။ မိသားစုဆင်းရဲတဲ့အပြင် အဘက်ဘက်က ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒီကျေးရွာငယ်လေးမှာ သူ့ရဲ့ နစ္စဓူဝ ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝ အတိတ်အကြောင်းကို အခုလိုပြောပြထားပါတယ်။
“ကျောင်းဆင်းတဲ့အခါဆိုရင် တောင်ယာတွေသွားရတယ်။ အားလပ်ရက်တွေမှာဆိုရင် တကယ့်လယ်လုပ်ရတယ်ပေါ့နော်။ အဲ့ကျရင်လေ အရမ်းမလုပ်ချင်ဘူး။ အရမ်းမောတယ်ပေါ့နော်၊ အဲ့အခါကျ အမေပြောတာရှိတယ်။ အခုတော့ အမေကတော့ မရှိတော့ဘူးပေါ့နော်။ မင်းအဲ့လိုမလုပ်ချင်ရင် မင်းပညာတတ်အောင်လုပ် ပညာတတ်ရင်က မင်းဘောပင်လေးကိုင်ပြီးမှ အလုပ်တွေလုပ်ရမယ်ပေါ့နော်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကလည်း ပညာဆိုတာလည်း နားမလည်ဘူး။ တစ်ခုသိသွားတာ တစ်ခုကတော့နော်။ ၁၀ တန်းအောင်တယ်ဆိုလို့ရှိရင် မြို့ရောက်မယ်ဆိုတာတော့ သိတယ်။ ဒီလိုပဲ ရွာမှာ ပညာဆိုတာလည်း တန်ဖိုးမထားဘူး။ တန်ဖိုးမထားဘူးဆိုတာကလည်း မထားချင်လို့မထားတာလည်း မဟုတ်ဘူးပေါ့နော်။ ဘယ်သူမှ ကြိုးစားတဲ့သူဆိုတာလည်း မတွေ့ဘူး။ ရွာကကျောင်းမှာဆိုရင် ဗမာစာလည်း မပြောတတ်ဘူး။ ပြီးရင် စာတွေဆိုတာလည်း သင်တော့သင်တယ်၊ ဘာမှန်းမသိဘူး။ ငါးတန်းထိတောင် ဗမာစာတွေ မဖတ်တတ်ဘူးပေါ့နော်။”
ဒီလိုဘဝ ကနေ ရုန်းထွက်ချင်တယ်လို့ ပြောပါတယ်။ ခြောက်တန်းကျောင်းသား အရွယ်မှာတော့ ပူတာအိုမြို့က ဆွေမျိုးအိမ်မှာ နေထိုင်ရင်း သူပညာဆက်လက် သင်ကြားခွင့်ကို ရရှိခဲ့ပါတယ်။
ပညာကို လိုလားတဲ့အတွက် မိဘရဲ့ အရိပ်အောက်ကနေ စွန့်ခွာပြီး သူများအိမ်မှာ အနာခံမှ အသာစံမယ်ဆိုတဲ့အတိုင်း အိမ်ရှင်ရဲ့ အဝတ်အစားတွေ လျှော်ဖွတ်၊ ထမင်းဟင်းချက်နဲ့ ၁၀ တန်းအောင်ရမယ်ဆိုတဲ့ သူ့ရဲ့ အိမ်မက်ကို ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။ ဆယ်တန်းအောင်ဖို့ မိဘရင်ခွင်ကနေ ထွက်ခွာပြီး ကြိုးစားရတဲ့အခါ စိတ်အားငယ်မှုတွေနဲ့ အဆင်မပြေမှု သောင်းခြောက်ထောင် ရင်ဆိုင်ခဲ့ရပြီး ဖယောင်းတိုင်မီး မှိန်မှိန်ကို အမှီတဟဲပြုရင်း ကြိုးစားခဲ့ရတယ်လို့ သူက အခုလို ရင်ဖွင့်ပြောဆိုခဲ့ပါသေးတယ်။
“ဘာမှရွေးချယ်စရာမရှိဘူး။ မြို့ရောက်ဖို့က ၁၀ တန်းအောင်မှ ရမယ်ဆိုတာတော့သိတယ်။ မိဘတွေကိုလေ အရမ်းသနားတယ်သိလား အသက် ၅၀ အရွယ်အထိ သားသမီးတွေအတွက် ရုန်းကန်နေရတာတွေ။ ပြီးရင် တနေ့မှမနားရတဲ့ အမေအဖေတွေ တောင်ယာတွေ သွားရတယ်။ အမေအဖေကိုလည်း သနားတယ်ပေါ့နာ်။ ကြိုးစားချင်စိတ်က ရှိတယ်။ ဒါပေမဲ့ ရွေးချယ်မှုက မရှိဘူး။ ဒီတိုင်းလေးပဲ ဒီလိုနဲ့ပဲ ပူတာအိုမြို့မှာ သူများဆွေမျိုးအိမ်မှာ နေပြီးတော့ ကြိုးစားပြီးတော့ ခက်ခက်ခဲခဲနဲ့ ၁၀ တန်းကို အောင်ခဲ့တယ်ပေါ့နော်။ အဲ့လိုနဲ့ မြို့ကိုပေါ့နော်။ မြစ်ကြီးနားကို ရောက်ဖို့ ရည်မှန်းချက်က ဖြစ်လာခဲ့တယ်ပေါ့။ ဆွေမျိုးအိမ်မှာနေတုန်းက တစ်လတစ်ကြိမ် နှစ်လတစ်ကြိမ်ရွာပြန်လို့ရှိရင် ပူတာအိုကို ပြန်သွားတဲ့အခါ အမြဲပိုက်ဆံ ၁၀၀၀/၂၀၀၀ ပေးရတယ်ပေါ့နော်။ အဲ့ချိန်ကျရင် အမြဲတမ်းရွာပြန်တဲ့အခါ စိတ်ဓာတ်အရမ်းကျရတယ်။ ဘာလို့ဆို ပိုက်ဆံမှမရှိတာ ငါတို့ဆိုရင် လယ်ယာပဲလုပ်တာ စားဖို့ ဆန်စပါးတော့ရှိတယ်။ ပိုက်ဆံ တစ်ထောင်နှစ်ထောင် ပေးရတယ်။ အဲ့ကျ ပိုက်ဆံချေးရတယ်။ အဲ့ဆန်စပါးရောင်းပြီး ပေးဖို့ကလည်း ရောင်းချင်ရင်တောင် ဝယ်မယ့်သူက မရှိဘူး။ အဲ့ကျရင် အရမ်းစိတ်ဓာတ်ကျတယ်။ အဖေအမေကို အရမ်းသနားတယ်။ အဲ့ကျတော့ ကြိုးစားရမယ်။ အရှုံးပေးလို့ မဖြစ်ဘူး။ အစ်ကိုတွေဆိုရင်လည်း ကျောင်းထွက်ထားရတယ်။ ဪ အဲ့တော့ မိသားစုမှာ ပညာတတ်တော့ပါရမယ် ဆိုတဲ့စိတ်ကတစ်ကြောင်း၊ မိသားစုရဲ့ ပြဿနာကိုဖြေရှင်းပေးချင်တဲ့ စိတ်ကတစ်ကြောင်း၊ မြို့ရောက်ဖို့က ၁၀ တန်းအောင်မှရမှာ ၁၀ တန်းမအောင်ရင် ဘာမှ မြို့ရောက်စရာအကြောင်းလည်း မရှိဘူး။ ဒီရွာဘဝမှာပဲနေရမှာ။ ဘာလို့ဆို မြို့ရောက်စရာအကြောင်းကလည်း မရှိဘူးလေ။ ဘာဆွေမျိုးအသိုင်းအဝိုင်းလည်း အဆက်အသွယ်မှ မရှိတာ။ တကယ်တမ်းကျတော့ ပူတာအိုမှာ ၁၀ တန်းအောင်ရင်တောင် ဆွေမျိုးမရှိလို့ မသွားရတဲ့သူတွေလည်း အများကြီးရှိတယ်။ မြို့ရောက်ချင်တဲ့စိတ် ၁၀ တန်းအောင်မှ ဖြစ်မယ်ဆိုတဲ့ စိတ်က ကျွန်တော့်ကို ကြိုးစားချင်စိတ် ဖြစ်ပေါ်စေတာပေါ့နာ်။”
ဆွေမျိုးအိမ်မှာ ခိုလှုံရင်း ပညာသင်ကြားရတဲ့အခါ လူငယ်သဘာဝ လွတ်လပ်မှုပျော်ရွှင်မှုတွေကို သူစတေးပြီး အဝတ်လျှော်၊ ဝက်စာကျွေး၊ ထမင်းဟင်းချက်နဲ့ ၂ နှစ်တိုင် ဖြတ်ကျော်ခဲ့ရတယ်လလို့ ဆိုပါတယ်။ ဆိုင်ကယ်မရှိတဲ့အပြင် သင်တန်းတက်ဖို့ ငွေအလုံအလောက် မရှိတဲ့ကြားက အင်္ဂလိပ်စာ တတ်မြောက်လိုတဲ့ စိတ်ပြင်းပြခဲ့တာကြောင့် ကြိုးစားရမယ်ဆိုတဲ့စိတ်ကိုပဲ စိတ်နှလုံးသွင်းပြီး လေ့လာခဲ့ရပုံကို အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
“တက္ကသိုလ်ရောက်ရင်လည်း ဆွေမျိုးအိမ်မှာနေပြီး တက်ခဲ့တာ။ တက္ကသိုလ်ရောက်ရင်လည်း ဒီဝက်စာကျွေးတယ်။ ထမင်းဟင်းချက်တဲ့ အလုပ်ကမလွတ်ဘူး။ လူဆိုတာက လွတ်လပ်ချင်တယ်၊ ပျော်ချင်တယ်။ ဒါပေမဲ့ အဲ့လိုမျိုးတွေမရဘူး။ တက္ကသိုလ် ပထမနှစ်မှာ ဆိုင်ကယ်ဆိုတာ မရှိဘူး၊ ဖုန်းဆိုတာ ဝေးလာဝေးပေါ့နော်။ တက္ကသိုလ်လည်း ခြေကျင်နဲ့ပဲသွားရတယ်။ သူငယ်ချင်းတွေ သင်တန်းတက်နေတယ်ဆိုတဲ့ သတင်းကြားရလည်း ကိုယ်က သင်တန်းတက်ဖို့မပြောနဲ့ ဆိုင်ကယ်မရှိတဲ့ အခါကျတော့ ခြေထောက်ကျိုးနေသလိုပဲ ဘယ်မှမသွားရဘူး။ အဲ့အချိန်တွေမှာ စိတ်ဓာတ်ကျတာတော့ ရှိတယ်။ ဒါပေမဲ့ ကြိုးစားရမယ်ဆိုတဲ့ စိတ်နဲ့ကျော်လွှားခဲ့တာ။ အင်္ဂလိပ်စာအုပ်တွေ ၁၀ တန်း ၇ တန်း ၈ တန်း vocab (စကားလုံး ဝေါဟာရ) စာအုပ်တွေရှိတယ်၊ ဒီဟာတွေကိုလေ သင်တန်းတွေမတက်နိုင်ပေမဲ့ အားတဲ့အချိန်တိုင်း ဖတ်တာ အင်္ဂလိပ်စာတွေကို ဖတ်နေတာပေါ့လေနော်။ ဆိုတော့ ခက်ခဲလေလေ ကြိုးစားချင်စိတ်က ပိုဖြစ်ဖြစ်လေလေဆိုပေမယ့် အခွင့်အရေးကလေ ကိုယ့်ကိုမပေးဘူးဆိုတာ။ သင်တန်းက တက်ချင်ပေမယ့်လည်း ပိုက်ဆံကမရှိ စားဖို့တောင်မှ မနည်းချေးနေရတဲ့ဘဝ။ ကျောင်းပိတ်တဲ့အခါကျ ဖားကန့်တွေမှာ မြေစာပုံတွေ သွားထမ်းတယ်။ တရုတ်ပြည်စက်ရုံကိုသွားပြီး အလုပ်သွားလုပ်တယ်။ အဲ့က ပိုက်ဆံတွေစုပြီး ရလာတဲ့ဟာကို ပေါ့နော်။ တတိယနှစ်လောက်မှာတော့ သင်တန်းတွေတက် နိုင်လာတယ်။”
ဒီလို မဆုတ်မနစ် ကြိုးစားရင်း နောက်ပိုင်း အင်္ဂလိပ်စာ သင်တန်းတစ်ခုမှာ အလုပ်ရခဲ့ပြီး ငွေကြေးကို အဓိက မစဉ်းစားဘဲ တစ်လကို ငွေကျပ် ၇၀၀၀၀ တည်းနဲ့ စေတနာမေတ္တာကို ရှေ့တန်းတင် ကြိုးစားခဲ့တာကြောင့် ဆရာသမားတွေ အလုပ်ရှင်တွေရဲ့ ယုံကြည်မှုကိုလည်း ရယူခဲ့ပြီးတော့ ကိုယ်ပိုင်သင်တန်း ပြန်ဖွင့်နိုင်ခဲ့တဲ့အထိ ကြိုးစားခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။
“အလုပ်တွေလိုလာပြီဆိုတော့ လခတွေ မစဉ်းစားဘဲ volunteer တွေဝင်လုပ်တယ်။ ပိုက်ဆံဘယ်လောက်ပဲ ပေးပေး။ ထမင်းစားဖို့ မလောက်လည်းရတယ်၊ ကိစ္စမရှိဘူး ဆက်လုပ်တယ်သိလား။ ဆက်လုပ် လုပ်တဲ့အခါကျ ကိုယ်ရဲ့ဆရာတွေက ကိုယ်ရဲ့ ကြိုးစားမှုကို မြင်လာတယ်။ ကိုယ်က ဆရာတစ်ယောက် ဖြစ်နေပေမဲ့လည်း ကိုယ်သင်တဲ့ စာသင်ခန်းတွေမှာ သန့်ရှင်းရေးတွေ ဝင်လုပ်လိုက်တယ်။ အဲ့ချိန်ကျရင် ဆရာတွေက ကြိုက်လာတယ်။ အဲ့မှာ သူတို့သွားသင်ရမယ့် အခန်းတွေဆို ကိုယ့်ကို ပေးပြီးသွားသင်ခိုင်းလာတယ်။ အဲ့ကျ ကြိုးစားတဲ့အခါကျ အဲ့က community ကလူတွေ ကိုယ့်ရဲ့ ကြိုးစားမှုကိုမြင်လာပြီး အလုပ်တွေပေးလာတဲ့။ အလုပ်တွေရလာတဲ့ အခါကျ ပိုက်ဆံတွေရလာတဲ့အခါ ကိုယ်က အဲ့လိုတွေမနေချင်တော့ဘူး။ ကိုယ့်ဘာသာ သင်တန်းတွေ ပြန်ထောင်ချင်လာတယ်။ ထောင်ချင်လာတဲ့အကြောင်းရင်းက ကိုယ့်စကေးတွေ ပြချင်လာတယ်။ သူများမှာသင်ရတဲ့အခါကျ သူတို့သင်ခိုင်းတာပဲသင်ရတယ်။ ပြီးရင် ဘဝမှာ လုပ်ချင်တဲ့အရာတွေလည်း အများကြီးရှိတယ်။ နောက်တဖက်မှာ ကိုယ့်လိုခက်ခဲနေတဲ့ လူတွေကို ကိုယ့်သင်တန်းလာတက်တဲ့အခါမှာ အခြေအနေတွေ ကြည့်ပြီးတော့မှ ဪဒီကလေးက ပိုက်ဆံမရှိဘူး၊ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင်မြင်ပြီးမှ ကူညီပြီး အခမဲ့သင်ပေးတယ်ပေါ့နာ်။”
ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ တောင်ပေါ်ဒေသက ကိုဆွတ်မိုင်ဟာ အခုတော့ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Queensland တက္ကသိုလ်မှာ ပညာဆည်းပူးခွင့်ရနေပြီ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ သူဒီလိုနိုင်ငံခြား တက္ကသိုလ်တက်ရောင်နိုင်ဖို့ ဘယ်လိုတွေ ကြိုးစားခဲ့တယ် ဆိုတာကို ဆက်ပြီးတင်ဆက်သွားပါမယ်။
င်လို့မထားတာလည်း မဟုတ်ဘူးပေါ့နော်။ ဘယ်သူမှ ကြိုးစားတဲ့သူဆိုတာလည်း မတွေ့ဘူး။ ရွာကကျောင်းမှာဆိုရင် ဗမာစာလည်း မပြောတတ်ဘူး။ ပြီးရင် စာတွေဆိုတာလည်း သင်တော့သင်တယ်၊ ဘာမှန်းမသိဘူး။ ငါးတန်းထိတောင် ဗမာစာတွေ မဖတ်တတ်ဘူးပေါ့နော်။”