ကုန်းလောကျေးရွာ ဘုရားကျောင်းကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် အစုအပြုံလိုက် ထိခိုက်သေဆုံးမှုဖြစ်
–
စစ်ကောင်စီက မိုးမောက်မြို့နယ် ကုန်းလောခရစ်ယာန်ဘုရားကျောင်းကို ဒီနေ့ညနေပိုင်း ၄ နာရီခွဲလောက်မှာ လေယာဉ်ဗုံးကြဲခဲ့တာကြောင့် မိသားစုလိုက် သေဆုံးကြောင်း ကနဦး သိရှိရပါတယ်။
ဗီဒီယိုမှတ်တမ်းအရ အနည်းဆုံး (၇) ဦး သေဆုံးတာကို တွေ့ရပါတယ်၊၊ သေဆုံးသူ (၁၀) ဦးကျော်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိကြောင်း ထပ်သိရပါတယ်။
ဘုရားကျောင်းဝင်းမှာ ကလေးတွေ ဆော့ကစားနေချိန်ဗုံးကြဲခံရတာကြောင့် သေဆုံးသူတွေထဲမှာ ကလေးသူများနိုင်ကြောင်းလည်း ကနဦးသိရှိရပါတယ်။
ကုန်းလောကျေးရွာဟာ လိုင်ဇာမြို့နဲ့ မိုးမောက်မြို့ကြား ကားလမ်းမပေါ်က ကျေးရွာဖြစ်ပြီး လက်ရှိ KIA သိမ်းပိုက်ထားတဲ့ လွတ်မြောက်နယ်မြေ ဖြစ်ပါတယ်။ ကုန်းလောကျေးရွာဟာ စစ်ရှောင်တွေ ခိုလှုံနေတဲ့ကျေးရွာလည်း ဖြစ်ပါတယ်။