မိုးညှင်းမှာ SNA တွေ အင်အားပြနေပြီး စစ်ဆေးမှုတွေလည်း ပြုလုပ်နေ
–
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပေါ်မှာက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တွေက မြို့တွင်းအင်အားပြ လှုပ်ရှားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီလ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ SNA တပ်ဖွဲ့ဝင်တွေ အင်အား (၃၀၀) လောက်က လက်နက်အပြည့်အစုံနဲ့ အင်အားပြခဲ့ကြတယ်လို့ မိုးညှင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“SNA တွေ အင်အားပြတာ ဟုတ်တယ်။ မနက်ပိုင်း လူစည်ကားတဲ့အချိန်မှာ လာတာ။ သူတို့ (SNA) တပ်တွေလာတဲ့ အချိန်ကျတော့ လမ်ပေါ်မှာလူတွေတောင် ရှင်းသွားတယ်။”လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ SNA တွေက မိုးညှင်းမြို့အဝင် (၁၀) မိုင်ရွာ ကားလမ်းမပေါ်မှာ စစ်ဆေးနေပြီး မှတ်ပုံတင်မပါတဲ့ ပြည်သူတွေကို လှည့်ပြန်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။