တဝက်တပျက်သာ ပျော်ရွှင်နေရသေးတဲ့ နေရပ်ပြန်စ စစ်ရှေောင်ပြည်သူများ
–
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လဂျားယန်ကျေးရွာဟာ ကချင်ဒေသ တကျော့ပြန်စစ်ကြောင့် ၂၀၁၁ ခုနှစ် ကတည်းက စစ်ရှောင်ခဲ့ရပြီးနောက် ဒီနှစ် မတ်လကနေ KIA စတင်လိုက်တဲ့ စစ်ဆင်ရေးအတွင်း လွတ်မြောက် နယ်မြေဖြစ်လာတဲ့ လိုင်ဇာမြို့အနီးက ကျေးရွာဖြစ်ပါတယ်။ ဒါပေမဲ့ နေရပ်ပြန်စ စစ်ရှောင်ပြည်သူတွေဟာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် စိတ်ထင်တိုင်း သွားလာလုပ်ကိုင်လို့ မရနိုင်သေးတဲ့ အခြေအနေကို ပြောပြထားတာ ဖြစ်ပါတယ်။
▪︎ (ဗီဒီယိုမှာ ကချင် (ဂျိန်းဖေါ့) စကားနဲ့ ပြောပြထားတဲ့ဟာတွေကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။)
“၂၀၂၄ ခုနှစ် မတ်လကနေ စခဲ့တဲ့တိုက်ပွဲက စစ်ကျန်လက်နက်တွေ ဒီနေရာတွေမှာ ရှိနေသေးတယ်။ ဒါတွေဟုတ်တယ်။ ဒီနေရာတွေမှာ ရှိသေးတယ်။ ဒါကထောင်မိုင်းတစ်မျိုးပါ၊ တောင်ယာမီးရှို့တုန်းက လောင်သွားတာ၊ ဒီမှာရှိနေတာ အဲ့တာကောက်ထားတာ၊ ထောင်မိုင်းအမျိုးအစားဟုတ်တယ်။ ဒီမှာလည်းထောင်မိုင်းတစ်မျိုး၊ ဒီတောင်ကုန်းမှာ ထောင်ထားတာ၊ မီးယမ်းတွေထုတ်လိုက်ပြီး ထုခွဲလိုက်တာ ဟိုမှာ ဒီတိုင်းထားထားရင် ကောက်ကိုင်စူးစမ်းချင် ဆော့ကစားချင်တဲ့သူတွေရှိနေတော့ မတော်တဆပေါက်လာရင် ဆိုးဆိုးရွားရွား ထိခိုက်တာတွေ ဖြစ်လာမှာစိုးရိမ်လို့ ဒီမှာကျတော် မီးရှို့ပြီး ဖျက်ဆီးလိုက်တာဟုတ်တယ်။”
“ဒါက ကျွန်တော်တို့ လဂျားယန်ရွာပါ။ ဒီရွာက ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ကစပြီး စစ်ရှောင်ခဲ့တာ လိုင်ဇာ၊ ဖုံလုံယန်၊ ဂျေယန့် ဘက်တွေရှောင်ကြတာ။ အဲ့လိုနဲ့ ဒီနှစ် ၂၀၂၄ ခုနှစ် မတ်လကနေ ဒီဒေသတွေမှာ စစ်ဘေးနည်းနည်း ကင်းရှင်းလာလို့ လွန်ခဲ့တဲ့ ၄ လ ၅ လ ပိုင်းကစပြီး တစ်ယောက်စ နှစ်ယောက်စနဲ့ ကိုယ့်ဒေသကို ပြန်လာကြည့်ပြီး တစ်ချို့က အခင်းလုပ်၊ တောင်ယာလုပ်ရင်းနဲ့ ပြန်လာစပြုနေကြတာ ဟုတ်တယ်။”
“ဒီဘေးပတ်ဝန်းကျင်မှာ စိုးရိမ်စရာတွေ ရှိနေသေးတယ်။ အရမ်းကြီး လုံခြုံတာမျိုးတော့ မရှိသေးဘူး။ ဒီအနီးအနားလေးတွေမှာတောင် ထောင်ထားတဲ့မိုင်းတွေ တိုက်ပွဲတုန်းကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံ လက်ကျန်တွေ တွေ့ရကောက်ရတာ ရှိသေးတယ်။ ဒါပေမဲ့လည်း စစ်ရှောင်စခန်းမှာပဲနေရတာ ကျဥ်းကျပ်ပြီး စားဝတ်နေရေးအတွက် လိုအပ်ချက်တွေများလာတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ နည်းနည်းပါးပါး စိုက်ပျိုးမွေးမြူပြီး ကိုယ့်အိမ်ခြံတွေ ရှင်းလင်းပြီး ပြန်လည်အခြေချ နေထိုင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ပြန်လာစပြုလာကြတာ ဟုတ်တယ်။”
“အခုကျတော်တို့ မိသားစုက ဒီကိုပြန်လာနေထိုင်ပြီး ဟင်းသီးဟင်းရွက်တွေစိုက်၊ စပါးတွေ နည်းနည်းပါးပါးစိုက်ပြီး ဒီမှာအိမ်တွေဆောက်ပြီး လာနေနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒါပေမဲ့လည်း ခုမိုးတွင်းကာလကုန်ပိုင်း ရောက်လာတော့ အရင်ကရနေတဲ့ ရေတွေလည်း ခမ်းလာတယ်။ ရေနဲ့လျှပ်စစ်မီး အဲ့မှာ အခက်အခဲတွေတော့ ကြုံနေရပါတယ်။”
ကျွန်မတို့ ဒီကိုပြန်လာတာက ဒီဖက်မှာ ခုကနိုင်ငံရေးလည်း နည်းနည်းတည်ငြိမ်လာပြီဖြစ်လို့ ကိုယ့်အိမ်ကိုယ့်ယာကို ခုတ်ထွင်ရှင်းလင်း၊ အခင်းတွေကိုလည်း မိသားစုရဲ့ လိုအပ်ချက်တွေဖြည့်နိုင်ဖို့၊ ပြီးတော့ ဒီဟင်းသီးဟင်းရွက်တွေ စိုက်တာကလည်း မီးဖိုချောင်အသုံးစရိတ် ကာနိုင်ဖို့ဟုတ်တယ်။ ဒီဘေးပတ်ဝန်းကျင် ခုတ်ထွင်ရှင်းလင်းလာတယ်၊ ဆိုတာကလည်း ကိုယ့်အိမ်ယာကို ကာကွယ်ဖို့ရှင်းလင်းတာပါ။”
“ဒါဆိုရင် ခုတူမတို့က ကိုယ့်ရပ်ရွာဟောင်းဆီ ပြန်ရောက်လာတော့ ဒီရပ်ဒီရွာမှာ ကိုယ်ပိုင်အိမ်မရှိသေးဘူးဆိုပေမဲ့ ဒီကိုပြန်ရောက်လာတော့ စိတ်ပျော်ရွှင်မှုရော ရရှိရဲ့လား။”
“စိတ်ပျော်ရွှင်မှုက ပြောရရင် ကိုယ့်အတွက်က စစ်ရှောင်စခန်းမှာ နေရတာထက်စာရင် ပိုပြီးရွှင်လန်းလာတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တောင်ယာစိုက်ခင်းတွေ လုပ်တယ်ဆိုပေမဲ့ လုံခြုံမှုမရှိသေးပါဘူး။ ပြီးတော့ ပြန်လာနေထိုင်ဖို့ အိမ်ယာတွေ၊ ရေကိုသန့်ရှင်းစွာ သောက်ရဖို့ လွတ်လပ်စွာသွားလာနိုင်ဖို့ စတဲ့ အခက်အခဲတွေရှိပါတယ်။”