ဆိုင်းတောင် ရဲကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ဝန်းကျင်သေ
–
KPDF နဲ့ KIA ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းခံရတဲ့ ဆိုင်းတောင် (ဆိပ်မူ) စစ်ကောင်စီ ရဲကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ဝန်းကျင် သေဆုံးတယ်လို့ သိရပါတယ်။
မနေ့က ည ၁၀ နာရီကနေစပြီး စစ်ကောင်စီရဲနဲ့ စစ်တပ်တွေနေတဲ့နေရာ (ရဲကုန်း) ကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် မနက်အစောပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ဝန်းကျင်သေဆုံးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“(စစ်ကောင်စီကုန်း) သိမ်းပြီးလို့ လေယာဉ်နဲ့ လာချတယ်။ ထွက်ပြေးနေတဲ့သူတွေကို လိုက်နေတယ်။”လို့ ပြောပါတယ်။
စစ်ကောင်စီရဲကုန်းကို မီးရှို့လိုက်တဲ့အပြင် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပါ လိုက်လံပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ Lucky Man ဟိုတယ်နဲ့ ကေတီဗီ အဆောက်အအုံကိုလည်း KIA ပူးပေါင်းအဖွဲ့က ပိတ်ဆို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။
စစ်ကောင်စီက မွန်းလွဲပိုင်းမှာ ရဲစခန်းကုန်းနဲ့ Lucky Man အဆောက်အဦး အနီးပတ်ဝန်းကျင်ကို တိုက်လေယာဉ်၊ Y-12 လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲခဲ့တာကြောင့် အရပ်သားနေအိမ်တွေလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။