မန္တလေးတိုင်းမှ တွင်းငယ်ရွာ စစ်ကောင်စီရဲစခန်းကို KIA၊ KPDF၊ ABSDF ပူးပေါင်းတပ်တို့ သိမ်းပိုက်
–
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ စစ်ကောင်စီရဲစခန်းကို KIA၊ KPDF၊ ABSDF ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
နံနက် ၅ နာရီမှ စတင်တိုက်ခိုက်ခဲ့ရာ ၁၁ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု KIO သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါသည်။
KIA သည် ကချင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး မိုးမောက်မြို့နှင့် ဗန်းမော်မြို့ကြားရှိ ခမရ (၄၃၇) တပ်စခန်းကြီးကို တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေဆဲ ဖြစ်ကြောင်းလည်း သိရသည်။