ဝိုင်းမော် ခတ်ချိုအနီး ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ထွက်ပြေးရ
27 June 2024 – Kachinwaves
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဝိုင်းမော်မြို့နယ်က ခတ်ချိုကျေးရွာအနီးမှာ ရှစ်နာရီဝန်းကျင်က စစ်ကောင်စီနဲ့ KIA၊ KPDF ပူးပေါင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။
ခတ်ချိုကျေးရွာကနေ ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
တစ်နာရီခန့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဘက်က ကင်းပုန်းနဲ့ ဝင်တိုးမိတာလေ။ ကျန်တဲ့ကောင်တွေက ပြေးကုန်တာ။ သူတို့က ပစ်ပြေး ပြေးကုန်တာပေါ့”
စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အရှင်ဖမ်းမိထားပြီး ထိခိုက်သေဆုံးသူ ရှိ၊ မရှိကို မသိရှိရဘူးလို့ ဆိုပါတယ်။
ဝိုင်းမော်မြို့နယ်မှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ေကာင်စီတပ်ဘက်က စစ်အင်အားဖြည့်တင်းတာတွေလည်းရှိနေသလို စစ်ကောင်စီက နေ့တိုင်းလိုလို ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။