လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ပုဒ်များကို ကချင်၊ ရှမ်း၊ တရုတ် ဘာသာစကားများဖြင့် လမ်းပေါ်ထွက်ကြွေးကြော်
26 June 2024 – Kachinwaves
KIO ၏ ထိန်းချုပ်နယ်မြေသစ်ဖြစ်သည့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့တွင် ကချင်၊ ရှမ်း၊ တရုတ် ဘာသာစကား ၃ မျိုးဖြင့် မူးယစ်ဆေးဝါး သုံးစွဲထုတ်လုပ်ရောင်ဝယ်မှုကို တိုက်ဖျက်ရေး ပြည်သူများအနှင့်အတူ လမ်းပေါ်ထွက်ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏ ရန်သူဖြစ်သည်၊ အမြစ်ဖြတ်တိုက်ဖျက်စု၊ မူးယစ်ကင်းစင်သည့် မြို့တစ်မြို့ဖြစ်အောင် ကြိုးပမ်းကြပါစု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို ဆန့်ကျင်ကြစို့ စသည့် ဆောင်ပုဒ်များကို ကြွေးကြော်ခဲ့ကြကြောင်း လွယ်ဂျယ်မြို့ခံ လူငယ်တစ်ဦးက သတင်းပေးပို့သည်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့သည် “အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (International Day Against Drug Abuse And Illicit Trafficking)” ဖြစ်သည်။