ဝိုင်းမော်မြို့အနီး စခန်းသိမ်းခံရတဲ့ည မြစ်ကြီးနားမှာ လက်နက်ကြီ လက်နက်ငယ် ပစ်ခတ်သံတွေ ဆူဆူညံ
18 May 2024 – Kachinwaves
မြစ်ကြီးနားမြို့အနှံ့ ဒီကနေ့ညပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ဆူညံနေတယ်လို့ သိရပါတယ်။
ည ၈ နာရီခွဲနောက်ပိုင်းကစပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ပမ္မတီး၊ ဘုမ္မောရပ်ကွက်ဘက်နဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စီတာပူ၊ မြို့သစ်ကြီး၊ လယ်ကုန်း စတဲ့ရပ်ကွက်တွေကလည်း သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်နေတယ်လို့ မြို့နေလူထုက ဆိုကြပါတယ်။
ပမ္မတီးရပ်ကွက်မှာနေတဲ့ အမျိုးသမီးကတော့ “သေနတ်သံတွေ ကြားနေတုန်းပဲ။ ငြိမ်လိုက်ပစ်လိုက်ဟုတ်တယ်။ ဟိုဘက်ရော ဒီဘက်ရောပစ်နေကြတာ” လို့ ဆိုပါတယ်။
ခေမာသီရိရပ်ကွက်မှ အမှတ် (၂) ရဲစခန်း၊ မြို့သစ်ကြီးရပ်ကွက်မှ ပြည်နယ်အရံရဲစခန်း၊ လယ်ကုန်းရဲစခန်းနဲ့ အကျဉ်းထောင်ဘက်ကနေ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်နေတယ်လို့ ရဲစခန်းအနီးနေထိုင်သူတွေက တစ်ဆင့် သိရပါတယ်။
အဆိုပါရဲစခန်းတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက လက်နက်ကြီးဆင်ထားတဲ့ နေရာတွေကနေ ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးနဲ့ အလွန်အကျွံပစ်ခတ်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ဒီနေ့မနက် ၆ နာရီကစပြီး ဝိုင်းမော် – လိုင်ဇာ ကားလမ်းပေါ်မှာရှိတဲ့ ရွှေညောင်ပင်ေကျးရွာ ခလရ (၃၂၁) စခန်းရဲ့ ကာကင်းကုန်းအပြင်၊ အောင်မြေ (၁)၊ (၂) ကျေးရွာမှ ပြည်သူ့စစ်စခန်းများနှင့် ဝိုင်းမော်မြို့နယ် ဝထောင်တပ်စခန်းစသည့် စခန်းများကို သိမ်းပိုက်နိုင်ခဲ့ေကြာင်း သိရပါတယ်။