ကျွန်းလည်ရွာ ပျူေစာထီးစခန်းအား တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်၍ ပျူစောထီး ၁၆ ဦးသေဆုံး
8 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာ ပျူေစာထီးစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီး ၁၆ ယောက်သေဆုံးကာ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ေကြာင်း တန့်ဆည်ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
ကျွန်းလည်ရွာနှင့် ၄ ဖာလုံအကွာမှာရှိသည့် အင်အား ၃၀ ခန့်ရှိ ပျူစောထီးကင်းစခန်းအား မေလ ၆ ရက် နံနက် ၁ နာရီအချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီမှာ အပြီးသတ် သိမ်းနိုင်ခဲ့ကြောင်း တန့်ဆည်ဒေသခံ မြေပြင်ထောက်လှမ်းရေး ရဲဘော်တစ်ဦးမှ ပြောသည်။
“ကျွန်းလည်ရွာက ပျူရွာပေါ့ ဒါပေမဲ့ ကျွန်းလည်ရွာကို တိုက်တာမဟုတ်ဘူး။ အဲ့ရွာနဲ့ မိုင်ဝက်ဝေးတဲ့ ပျူစခန်းကိုတိုက်တာ ပျူစောထီးတစ်ချို့လည်း ထွက်ပြေးသွားတယ်။ သူတို့စခန်းတွေ ဗန်ကာတွေ မီးရှို့နိုင်ခဲ့တယ်။ သူတို့ဆိုင်ကယ်ဆယ်စီးကိုလည်း မယူခဲ့ဘူး။ မီးရှို့ဖျက်ဆီးခဲ့တယ်။”ဟု ဆိုသည်။
အဆိုပါပျူေစာထီး စခန်းသိမ်းတိုက်ပွဲတွင် ပျူစောထီး ၁၆ ဦးသေဆုံးကာ လက်နက်များရရှိခဲ့ကြောင်းလည်း ပြောသည်။
၎င်းတိုက်ပွဲမှာပဲ ပကဖရဲဘော် တစ်ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ေကြာင်းလည်းပြောသည်။
တိုက်ပွဲအား တန့်ဆည် ပကဖနှင့် ရွှေဘိုခရိုင်အမှတ် (၂၅) တပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။