ဖားကန့် ဥရုချောင်းတွင် ဒဏ်ရာများနှင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း မျှောလာ
12 April 2024 – Kachinwaves
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ ဥရုချောင်းတွင် ဒဏ်ရာများနှင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း မျှောပါလာကြောင်း ဒေသခံထံမှ သိရသည်။
ဆိပ်မူကျေးရွာ၊ ကျောက်သွေးတောင်အနောက်ဘက် ဥရုချောင်းတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က
ရုပ်အလောင်းတစ်လောင်း မျှောပါလာခဲ့သည်ဟု အလောင်းဆယ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။
သေဆုံးသူအမျိုးသား၏ ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိသည်ဟု ဆိုသည်။
“ရင်ဘတ်မှာ ဒဏ်ရာတွေရှိတယ်။ ခေါင်းမှာလည်း ဒဏ်ရာတွေရှိတယ်။ ရိုက်နှက်ခံထားရလို့ ဒဏ်ရာတွေညိုပုပ်နေတာ။ ပုပ်ပွပြီးတော့ အလောင်းက လောက်တွေတက်နေပြီ။”
သေဆုံးသူမှာ အသက် ၃၅ နှစ်ဝန်းကျင်ရှိမည်ဟု ယူဆရပြီး ပိုင်ရှင်မဲ့ ရုပ်အလောင်းဖြစ်ကြောင်း သိရသည်။
ဧပြီ ၆ ရက်နေ့ကလည်း ဖားကန့်၊ မမုံကျေးရွာတွင် ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။