မံစီမြို့ ဟန်ထက်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက်၊ Y – 12 လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့
4 April 2024 – Kachinwaves
မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ KPDF တပ်ဖွဲ့က မနေ့ည ၈ နာရီလောက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတာ မဟုတ်ဘဲ ရှောင်တခင်သွားရောက်ပစ်ခတ်တာလို့ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ဟန်ထက်ရွာကတပ်ကို ရှောင်တခင်သွားပစ် ကြတယ်။ လက်နက်ငယ်ရော၊ လက်နက်ကြီးပါ သွားပစ်ကြတာ”
ပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ဒီမနက် ၈ နာရီဝန်းကျင်မှာ ဟန်ထက်ရွာအနောက်ဘက်ကို Y – 12 လေယာဉ်နဲ့ ဗုံးသီးတွေလာချခဲ့တယ်လို့ သိရပါတယ်။
ဟန်ထက်ကျေးရွာဟာ ကချင်ပြည်နယ် မံစီမြို့နဲ့ ဆယ်မိုင်ဝန်းကျင်သာ ကွာဝေးပြီး၊ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောပေါ်မှာတည်ရှိပြီး စစ်ရေးဗျူဟာအရ အရေးပါတဲ့နေရာဖြစ်တယ်လို့ သိရှိရပါတယ်။