စိန်လုံစခန်းအနီး တပ်စခန်း ၃ ခုကို KIA နှင့် ပူးပေါင်းတပ်တို့ ထပ်မံသိမ်းပိုက်
30 Marcch 2024 – Kachinwaves
ယနေ့ မတ်လ ၃၀ ရက်နေ့တွင် မိုးမောက် – လွယ်ဂျယ် ကားလမ်း၊ စိန်လုံကျေးရွာအနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်နိုင်ကြောင်း သိရသည်။
စိန်လုံ စစ်ကောင်စီတပ်စခန်းအနီးရှိ ဒွမ်ဘော်ဘွမ် (Dum Bau Bum)၊ လွယ်ယိန်း (Loi Ying)၊ သိန်းယောင် (Ting Rawng) စသည့် တပ်စခန်း ၃ ခုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီခဲ့သည့် မတ်လ ၂၇ နှင့် ၂၈ ရက်နေ့များတွင်လည်း လွယ်ဂျယ်မြို့နှင့် မိုးမောက်မြို့ ကားလမ်းကြား အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ယောယုံ၊ ရှန်တိုင်၊ ဘန်ယော၊ မဒါဘွမ်၊ လော့မွန်၊ ဖလန်၊ ငါ့ဂျန့် (Nga Gyang) စသည့် စခန်း ခုနှစ်ခုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။