စစ်ကောင်စီ၏ ကူညီထောက်ပံ့ရေး အသင်းမှ ကျင်းပသည့် မိတ်ဆုံစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းသည် ရွှေလီမြို့နေ ကချင်တိုင်းရင်းသားများကို ကိုယ်စားမပြုကြောင်း ပြော
31 March 2024 – Kachinwaves
တရုတ်နိုင်ငံ ကူမင်းမြို့မှ စစ်ကောင်စီ၏ ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ရေးရာ ကူညီထောက်ပံ့ရေး အသင်း၏ နှစ်ပတ်လည် မိတ်ဆုံစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သူများသည် တစ်ဦးတစ်ယောက်၏ ခံယူချက်နှင့်သာ သက်ဆိုင်ကြောင်း၊ ရွှေလီမြို့နေ ကချင်တိုင်းရင်းသားများကို ကိုယ်စားမပြုကြောင်း ရွှေလီမှ အမည်မဖော်လိုသူ ကချင်အမျိုးသားတစ်ဦးက ပြောသည်။
၎င်းနှစ်ပတ်လည်နေ့ အခမ်းအနားသို့ ကူမင်းမြို့မှ စစ်ကောင်စီ၏ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ မတ်လ ၂၉ ရက်နေ့၌ ရွှေလီမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရွှေလီမြို့ရောက် ကချင်၊ ချင်း၊ တအာန်း တိုင်းရင်းသားအချို့လည်း တက်ရောက်ခဲ့သည်ဟု အမည်မဖော်လိုသူ ရွှေလီမြို့မှ အမျိုးသားက ပြောသည်။
“စစ်ကောင်စီ၏ အခမ်းအနားပွဲသို့ တက်ရောက်ခဲ့သော ရှက်ဖွယ်ရွံဖွယ်ကောင်းသော လုပ်ရပ်သည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် နေထိုင်သော ကချင်အားလုံးကို ကိုယ်စားမပြုကြောင်း တက်ရောက်ခဲ့သောသူ တစ်ယောက်ချင်းစီ၏ စိတ်ဓါတ်ခံယူချက်နှင့်သာ သက်ဆိုင်သည်။”ဟု Kachinwaves သို့ ရေးသားပေးပို့ခဲ့သည်။
ပေးပို့ခဲ့သည့် ဓါတ်ပုံ၌ “တစ်နှစ်တာအတွင်း တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် အသင်း၏ ကောင်စစ်ရေး၊ ကျန်းမာရေး၊ လူမှုရေး ထောက်ပံ့ကူညီမှုမှတ်တမ်းများ (Audio, Video Presentation)” ဟု ရေးထားသည်ကို တွေ့ရသည်။
===
Gumshem Hpyen Dap A Garum Ningtum Hpung Ni Galaw Ai Lusha Hpawng Hta Shang Lawm Ai Lam Gaw, Ruili Na Wunpawng Amyu Ni A Gawng Malai N Re Lam Tsun
31 March 2024 – Kachinwaves
Miwa Gumsan Mungdan Kunming muklum kaw rung dung ai Myen mung gumshem hpyen dap a (ကောင်စစ်ဝန်ချုပ်ရုံး) rung, garum ningtum hpung a “ladu hkrum lusha hpawng” hta sa du shanglawm ai ni gaw, Ruili nga Wunpawng amyu ni a gawng malai hku shanglawm ai n re sha, shang lawm ai ni a ding hkrai hkam la ai myit jasat jasa hte sha seng ai nga nna, shim lam a matu mying n tsun shalawm mayu ai Wunpawng la langai tsun wa ai re.
Ruili muklum kaw ndai March shata 29 ya shani galaw lai mat wa sai dai lusha hpawng hta gumshem hpyen dap a salang wa rai nga ai, U Taw Ta Awng (မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်) woi awn ai hpung ni sa du ai lam hpe chye lu ai.
Dai lusha hpawng hta Ruili muklum kaw du nga ai, Wunpawng amyu, Hkang amyu, Ta-ang amyu sha nkau mi sa du shang lawm ai nga nna, Ruili kaw na Wunpawng la langai tsun wa ai re.
“Gumshem hpyen dap a lusha hpawng hta shang lawm ai gaw, kaya hpa matsat hpa rai nna, sa du shang lawm ai ni hte sha seng ai. Ruili kaw nga ai Wunpawng amyu sha ni a gawng malai ntai ai. Sa du shang lawm ai ni langai hkrai a hkam la ai myit jasat jasa hte sha seng ai.” Nga nna, Kachinwaves de laika ka sa wa ai re.
Sa ya ai sumla (Photos) ni hta gaw, Miwa Gumsan Mungdan du Myen Mungdan masha ni hpe laning mi laman garum ai mazing Audio, Video Presentation ni nga nna ka shakap da ai hpe mu lu ai.