လွယ်ဂျယ် – မိုးမောက်လမ်းက စစ်ကောင်စီတပ်စခန်း ၇ ခု သိမ်းပိုက်ခဲ့ပြီး၊ လွယ်ဂျယ်မြို့ကိုလည်း ပိတ်ဆို့ထား
29 March 2024 – Kachinwaves
ကချင်ပြည်နယ် လွယ်ဂျယ် – မိုးမောက် ကားလမ်းတစ်ကြောက စစ်ကောင်စီတပ်စခန်း ၆ ခုကို ပြီးခဲ့တဲ့နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမောက်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။
မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့ နှစ်ရက်အတွင်း လွယ်ဂျယ်မြို့ လုံခြံရေးအတွက် အရေးပါတဲ့ ယောယုံစခန်းအပါဝင် ရှန်တိုင်၊ ဘန်ယော၊ မဒါဘွမ်၊ လော့မွန်၊ ဖလန် စတဲ့စခန်းတွေနဲ့ စိန်လုံစခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ ငါ့ဂျန့် (Nga Gyang) စခန်းကိုလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
ယောယုံစခန်းကို သိမ်းပိုက်ရရှိပြီးနောက် တရုတ်မြန်မာ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့လည်း ပိတ်ဆို့ခံနေရပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။