စစ်ကောင်စီက အခွန်ဆောင်ခိုင်းမှုအပေါ် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ UN ရုံးရှေ့၌ ကန့်ကွက်ဆန္ဒပြ
17 December 2023 – Kachinwaves
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ United Nations (ကုလသမဂ္ဂ) ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြောင်းသိရသည်။
အလုပ်သမားအရေးနှင့် စစ်ကောင်စီမှ အခွန် ၂% ကောက်ခံမှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။