လေယာဉ်ပျက်ကျပြီး စစ်ကောင်စီနဲ့ အဆက်အသွယ်ရတယ်ဆိုတဲ့ လေယာဉ်မှူး ဖမ်းဆီးခံရ
21 November 2023 – Kachinwaves
လေယာဉ်ပျက်ကျမှုမှာ အသက်ဘေးကနေ လွတ်မြောက်ပြီး စစ်ကောင်စီတပ်နဲ့ အဆက်အသွယ်ရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ေတွရဲ့ ဖမ်းဆီးခြင်းပြန်ခံရကြောင်း သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ တပ်ဖွဲ့ဝင်ေတွရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ရဲ့ K-8 W အမျိုးအစား တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူး လွတ်မြောက်သွားခဲ့ပါတယ်။
၎င်းလေယာဉ်မှူး ၂ ဦးထဲမှ တစ်ဦးကို နိုဝင်ဘာ ၁၉ ရက်နေ့က ဖမ်းမိခဲ့ပြီး တစ်ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
“လေယာဉ်မှူး “ဗိုလ်မှူးခိုင်သန့်မိုး” (ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃ ၊ မွေးသက္ကရာဇ်- ၂၇. ၅. ၁၉၈၁၊ တောင်ငူလေတပ်) ဖြစ်သည်။ တွဲဖက်လေယာဉ်မှူးဖြစ်သူ “ဗိုလ်ဇာနည်မောင်” မှာ လွတ်မြောက်နေဆဲဖြစ်ကာ ဖမ်းဆီးရမိနိုင်ရေး ရှာဖွေဆောင်ရွက်နေပါသည်။”လို့ ကြားကာလ ကရင်နီပြည် အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေးအပေါ့စား တိုက်ခိုက်ေရး လေယာဉ်တစ်စင်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာရှိတယ်။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးနဲ့ ကျွန်တော်တို့ ဆက်သွယ်မှု ရရှိပြီးဖြစ်ပါတယ်”လို့ နိုဝင်ဘာ ၁၁ ရက်နေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။