မြို့သိမ်းခံရမည်ဆိုသည့်သတင်းေကြာင့် ရွှေကူမြို့တွင်း တပ်စွဲထားသည့် စကစ များ လက်နက်ကြီး ပစ်ခတ်နေ
16 November 2023 – Kachinwaves
ရွှေကူမြို့အတွင်း ဗောတိကျောင်းနောက်၌ ကင်းပုန်းဝပ်ေနသည့် စစ်ကောင်စီတပ်က ယမန်နေ့ည ၁၁ နာရီက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ မြို့တွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရသူ ၄ ဦးထက်မနည်းရှိကြောင်း သိရသည်။
စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးများအနက် ၃ လုံးမှာ အမှတ် (၃) ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုရပ်ကွက်တွင်နေထိုင်သည့် ဦးလှသိန်းအမည်ရှိသူနှင့် ၎င်းမိသားစုဝင် ၃ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရွှေကူဒေသခံတစ်ဦးက ဆိုသည်။
“ရွှေကူအမှတ် ၃ ရပ်ကွက် ဦးလှသိန်းတို့အိမ်ကို မနေ့ည ၁၁ နာရီခန့် လက်နက်ကြီးထိမှန်တယ်။ မိသားစုလေးဦးထိခိုက်၊ အခုဆေးရုံမှာ။”
ထိုရပ်ကွက်ထဲတွင်ရှိသည့် ရွှေတီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာလည်း လက်နက်ကြီးအစအန ထိမှန်ခံရကြောင်း သိရသည်။
ရွှေကူမြို့အား KIA နှင့် KPDF တပ်ဖွဲ့ကသိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေေသာကြောင့် တိုက်ပွဲမဖြစ်သော်လည်း မြို့တွင်း၌ ပစ်ခတ်နေခြင်းဖြစ်ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ရွှေကူသိမ်းမယ် သတင်းကြားလို့တဲ့။ တစ်မြို့လုံး တပ်ဖြန့်ထားတယ်”
ရွှေကူမြို့အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားများတွင် တပ်ထိုင်ထားကြောင်း ကြားသိရသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ညကလည်း ရွှေကူနယ်မြေခံတပ်ရင်း ခလရ (၅၆) နှင့် ရဲစခန်းမှ လက်နက်ကြီးများဖြင့် ပတ်ချာလည် ပစ်ခတ်ခဲ့ရာ အမှတ်(၂) ခုံခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုအိထက်ဆိုသူ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ မိသားစုဝင်များလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။