အရေးကြီးစခန်းတွေ သိမ်းခံရတဲ့ စကစ လိုင်ဇာအနီး လေကြောင်းတိုက်ခိုက်မှု ၂ ရက်ဆက်တိုက်လုပ်နေ
1 November 2023- Kachinwaves
လိုင်ဇာမြို့အနီးနဲ့ စခန်းသိမ်းခံရတဲ့ ဂန်ဒေါင်ယန်ဝန်းကျင်မှာ စစ်ကောင်စီတစ်နေ့ကုန် လေကြောင်းပစ်ခတ်မှုပြုလုပ်နေပါတယ်။
ဒီနေ့ည ၆ နာရီလောက်မှာ လိုင်ဇာမြို့အနီး အလဲန့်ဘွမ်တောင်ဘက်ကို စစ်ကာင်စီတပ်က လေယာဉ်ဗုံးချသွားခဲ့ပြီး ဒီကနေ့မွန်းတည့် ၁၂ နာရီကတစ်ကြိမ် တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့ပါတယ်။
မနေ့က စခန်းသိမ်းခံရတဲ့ မြစ်ကြီးနား – ဗန်းမော်လမ်း ဂန်ဒေါင်ယန်အနီးမှာလည်း စစ်ကောင်စီက တစ်နေ့ကုန်နီးပါး လေကြောင်းတိုက်ခိုက်မှုပြလုပ်ခဲ့ကြောင်း ကေအိုင်အို ရဲ့ သတင်းပြန်ကြားရေး ရင်းမြစ်အရ သိရပါတယ်။
ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ နယ်မြေမှာလည်း စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရသလို တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအထိနာ ကျဆုံးမှုများကြောင်း သိရပါတယ်။