မုံးမော်၊ နမ့်ဟိုင်းရှိ စကစ ၃၂၄ တပ်ရင်း၏ စခန်းကြီးကို KIA သိမ်းပိုက်၊ ကချင်ဘက်လည်း တိုက်ခိုက်နေ
31 October 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြိုနယ် မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီတပ် ခလရ ၃၂၄ တပ်စခန်းကြီးအား KIA တပ်ရင်း ၈ က သွားရောက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့့ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် ဝိုင်းမှော်မြို့နယ် ဗန်းမော် – မြစ်ကြီးနား ကားလမ်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း KIA နှင့်ပူးပေါင်းတပ်ဖွဲတို့ သွားရောက်တိုက်ခိုက်နေကြောင်းလည်း သိရသည်။
===