တောင်သမန် စစ်ဆင်ရေး ဆင်နွှဲနေသည့် မန္တလေး PDF အဖွဲ့ စစ်ကောင်စီအရာရှိများကို ဖမ်းဆီးနိုင်ခဲ့
31 October 2023 – Kachinwaves
“အောက်တိုဘာ (၂၆) ရက်နေ့ မှ အောက်တိုဘာ(၃၀) ရက်နေ့အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင် (၁)ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ နှစ်ပွင့်ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး၊ ပြည်သူ့စစ် (၂)ဦး နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။”ဟု ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန၏ တိုက်ရိုက်ကွပ်ကဲအောက်တွင် တည်ရှိသော အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအချိန်တွင် ညီနောင် မဟာမိတ် (၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ “တောင်သမန် စစ်ဆင်ရေး”ကို ဆင်နွှဲလျက်ရှိေကြာင်း သိရသည်။
===