လားရှိုးမှ စစ်ကောင်စီတပ်၏ တိန်းတန်စခန်းကို TNLA သိမ်းပိုက်
28 October 2023 – Kachinwaves
TNLA က လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တိန်းတန်တပ်စခန်းကိုလည်း ယမန်နေ့ နံနက်ပိုင်း ၅ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ထပ်မံ ထုတ်ပြန်လိုက်သည်။
ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် “နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း – နမ့်ဖတ်ကားလမ်း (၁၃) မိုင် တပ်စခန်း၊ (၁၂) မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့ကို နံနက်ပိုင်း (၄)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။”ဟု TNLA က ယမန်နေ့ကပဲ သတင်းထုတ်ပြန်ခဲ့သည်။
TNLA ၏ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့က စစ်ကောင်စီတပ်စခန်း ၅ ခုကို TNLA က တိုက်ခိုက်ခဲ့ရာ စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
===
ဆက်စပ်သတင်းဖတ်ရန် link https://m.facebook.com/story.php?story_fbid=727964672700759&id=100064616984622&mibextid=Nif5oz