ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်၏ တောင်ကုန်းစခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
19 October 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနှင့် မုံးပေါ်ဒေသကြားရှိ ဝိန်းလာတောင်ရှိ ခမရ (၅၆၇)တပ်စခန်းတစ်ခုကို KIA တပ်ရင်း ၃၆ တပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့၌ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၄ နာရီအချိန်မှ မွန်းလွဲ ၃ နာရီအချိန်ထိ တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက် နိုင်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ကေအိုင်အို ပြန်ကြားရေးဌာန သတင်းရင်းမြစ်ကလည်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင် ကြောင်း သတင်းဖော်ပြထားသည်။
စစ်ကောင်စီတပ်ဘက် အကျအဆုံးများခဲ့ပြီး စစ်ရဟတ်ယာဉ်နှင့် ဂျက်ဖိုက်တာများဖြင့်လည်း စစ်ကူတိုက်ခဲ့ သည်ဟု ရှမ်းမြောက်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။