ဗန်းမော်မြို့ မြို့မဘောလုံးကွင်းရှေ့၌ အရပ်သားတစ်ဦး စစ်ကောင်စီစစ်သား၏ ပစ်သတ်ခြင်း ခံရ
19 August 2023 – Kachinwaves
ကချင်ပြည်နယ် ဗန်းမော်မြို့၊ မြို့မဘောလုံးကွင်းရှေ့တွင် ယနေ့ ညနေ ၅ နာရီခွဲခန့်က အရပ်သားတစ်ဦး စစ်ကောင်စီစစ်သားများ၏ လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားကြောင်း တွေ့လိုက် သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
ရွှေကူမြို့မှ ဆန်တက်လာသည့် သင်္ဘော ( ၃ ) စီးလည်း ယနေ့ညနေ ၅ နာရီခွဲခန့်က ဗန်းမော်မြို့သို့ ဆိုက်ရောက် ခဲ့ပြီဟု အဆိုပါ ဗန်းမော်မြို့ခံက ပြောသည်။
“ပြည်သူတွေက သွားလာနေတာ လုံခြုံရေးယူနေတဲ့ စစ်သားတွေက ရပ်ရပ်လို့ ပြောတာ မရပ်ပေးလို့ ပစ်လိုက်တာ ထိသွားတယ်။ အမျိုးသားတစ်ယောက်ပဲ အသက် ၃၀ (နှစ်)ကျော်လောက်ရှိမယ်ထင် တယ်။” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များကို မီးရှို့လိုက်သည့်အတွက် တိုက်ပွဲဖြစ်သည့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဇင်ဘုံ၊ ကောင်းတုံ၊ မြလယ်၊ ငှက်ပျောတော၊ ဘူးတောင်း ကျေးရွာများမှ ပြည်သူများလည်း ဗန်းမော်မြို့သို့ တိမ်းရှောင်လာကြသည်ဟု ပြောသည်။