၃၅ နှစ်မြောက် (၈)လေးလုံး အထိမ်းအမှတ်နေ့အဖြစ် ဘန်နာချိတ်ဆွဲကာ ဆန္ဒပြလှုပ်ရှားမှု မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့
8 August 2023 – Kachinwaves
ယနေ့ကျရောက်တဲ့ ၃၅ နှစ်ပြည့် (၈)လေးလုံး လူထုလှုပ်ရှားမှုနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် ပင်မသပိတ်ကော််တီမှ လူငယ်များဦးဆောင်ပြီး “မပြီးဆုံးသေးတဲ့ ၈ လေးလုံး၊ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
မြစ်ကြီးနားမြို့ပေါ်တွင် လုံခြုံရေးများအထပ်ထပ် တင်းကြပ်ထားတဲ့ကြားမှ Kachin State Civilian Movement (KSCM) မှ လူငယ်များ၊ မြစ်ကြီးနား အခြေစိုက် ကျောင်းသားမဂ္ဂအဖွဲ့ဝင်များ၊ ကချင်တက်ကြွ လှုပ်ရှားသူလူငယ်များ အတူတကွ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းတဲ့ကာလမှစ၍ ယနေ့တိုင်မြစ်ကြီးနားမြို့ပေါ်မှာ နည်းလမ်းအမျိုးမျိုးနဲ့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လူငယ်များ ပြုလုပ်နေလျက် ရှိပါတယ်။
သတင်း – အီသန်။ ဓာတ်ပုံ – KSCM