ဖားကန့်တွင် နောက်ပြန်ကြိုးသုတ် သေနတ်ပစ်သတ်ခံထားရတဲ့ အလောင်း ၄ လောင်းတွေ့
1 June 2022 – Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆွတ်အောင်ကျေးရွာအနီးတွင် ယမန်းနေ့ မေလ ၃၁ ရက်နေ့ညက နောက်ပြန်ကြိုးသုတ်ကာ သတ်ဖြတ်ခံရသည့် အမျိုးသား ၄ ယောက်၏ အလောင်းကိုတွေ့ရှိပြီး အလောင်းများကို ဖားကန့်ဆေးရုံကို ပို့ဆောင်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အလောင်းတွေကို အခုကတော့ ဖားကန့်ဆေးရုံကို ပို့ထားတယ်။ သေတဲ့သူတွေ ဘယ်သူတွေလည်း ဘယ်ကလည်း မသိရသေးဘူး၊ အခုထိ စုံစမ်းနေဆဲပဲ။ သတ်သွားတဲ့ သူတွေ ဘယ်သူတွေလဲဆိုတာလဲ မသိရဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။
သတ်ခံရသည့် လူငယ်များသည် အသက် ၂၀ ကျော်အရွယ်ဟု ခန့်မှန်းရကြောင်းလည်း ဒေသခံတစ်ဦးကဆိုသည်။
ဖားကန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်လူသတ်မှုများ မကြာမကြာ ဖြစ်ပွားလျှက်ရှိသည်။