စစ်ကောင်စီသင်္ဘော ရွှေကူမြို့အဝင်၌ တိုက်ခိုက်ခံရ
27 May 2022 – Kachinwaves
ယနေ့နံနက် ၁၀နာရီခန့်တွင် ရွှေကူမြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောကို မြို့အဝင်၌ ရွှေကူမြို့နယ် PDF တပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။
နှစ်ဖက်ပစ်ခတ်သံကို ကြားနေရသော်လည်း တိုက်ပွဲအခြေအနေကို မသိရကြောင်း ရွှေကူမြို့ခံတစ်ဦးက ပြောပါသည်။
ယမန်နေ့ကလည်း ရွှေကူမြို့နယ် မြို့လှဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားမှုများ ရှိခဲ့သည်ဟု ဆိုသည်။