စစ်ကောင်စီ၏ ဝန်ကြီးဌာန အသီးသီး၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အလိုအလျောက်နုတ်ထွက်ကြရန် KIO မြစ်ကြီးနားခရိုင် သတိပေးစာ ထုတ်ပြန်
14 May 2022 – Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အမှုထမ်း၊ အရာထမ်းများအားလုံး လက်ရှိထမ်းဆောင်နေသော တာဝန်များမှ နုတ်ထွက်ရန် KIO က ယနေ့သတိပေးစာထုတ်ပြန်လိုက်ပါသည်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရား အဓမ္မသိမ်းယူပြီး ပြည်သူများကို ဥပဒေမဲ့ ဖမ်းစီးနှိပ်စက် သတ်ဖြတ်ခြင်းများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခြင်းကြောင့် ပြည်သူလူထု တရပ်လုံးမှ စစ်အာဏာရှင်ကို လုံးဝ လက်မခံဘဲ စစ်အာဏာရှင် ကျရှုံးရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေသည့်အချိန်ဖြစ်သည်ဟု ဆိုထားပါသည်။
နုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်တွင် ဆက်လက်အမှုထမ်းနေပါက ဖြစ်ပေါ်လာမည့်ပြဿနာ အကျိုးဆက်များအားလုံးသည် မိမိ၏တာဝန်သာဖြစ်ကြောင်း ပါရှိပါသည်။