အင်းတော်ကြီးဒေသတွင် ယနေ့ တိုက်ပွဲပြင်းထန်
14 May 2022 – Kachinwaves
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်ကို အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၀ဦးခန့် သေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အင်းတော်ကြီးဒေသရှိ နမ့်ပတဲနှင့် လွဲမွန်ကြားတွင် နံနက် ၄နာရီခန့်၌တစ်ကြိမ်၊ မွန်းလွဲ ၂နာရီခန့်တွင် လွန်မွန်နှင့် ညောင်ပင်ကြား တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန် ချောင်းဝဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
မေလ ၁၃ရက်နေ့တွင်လည်း နမ့်ပတဲနှင့် လွဲမွန်ကြား စစ်ကောင်စီတပ်မ ၃၃ကို ကေအိုင်အေနှင့် PDFပူးပေါင်းတပ်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ဦးကျော် သေဆုံးခဲ့ကြောင်း အင်းတော်ကြီး PDF မှ ထုတ်ပြန်ထားသည်။